Thursday, October 9, 2014

မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း1

မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း19 de noviembre de 2011 a la(s) 10:29*.ကြောက်ရွံ့ ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကို လည်းကောင်း၊ တောတို့ကို လည်းကောင်း၊ အရံတို့ကို လည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။*.ဤ တော တောင် အရံ အထိကရ သစ်ပင်စသော ကိုးကွယ်ရာဟူသမျကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော  ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခ ခပ်သိမ်းမှ မလွတ်မြောက်နိုင်။*.အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကို လည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် 'ဒုက္ခသစ္စာ'၊ ဆင်းရဲခြင်း၏ အကြောင်းရင်း အမှန် 'သမုဒယသစ္စာ'၊ ဆင်းရဲလွတ် မြောက်ရာအမှန် 'နိရောဓသစ္စာ'၊ ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အမှန် 'အင်္ဂါ ရှစ်ပါးရှိသော မြတ်သောမဂ္ဂသစ္စာ' ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။ဤရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ် ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ် ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။(အဂ္ဂိဒတ္တဗြာဟ္မဏ၀တ္ထု)Compartir
--

No comments:

Post a Comment