Sunday, October 19, 2014

သူရဿတီ ဘယ်က လာသလဲ သိလား (အရှင်ဉာဏိဿရ)

သူရဿတီ ဘယ်က လာသလဲ သိလား (အရှင်ဉာဏိဿရ)
===========================
ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေ
းရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။
အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်း နှစ်န
ယ် စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။
အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို
ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။
ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရ
ပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။
ဗမာလို ဖတ်တော့ သူရဿတီ ပေါ့။
အဲဒီမြစ်က နတ်သမီးပဲကွ။
အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစော
ဆုံးနေတာ။
အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား

အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့
တဲ့ အကောင်တွေ၊ ကော့ကေးရှပ် တောင်တန်ကြီးက ဘယ်နာ
းရှိလဲ။
ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တ
န်းမှာလည်း မရှိဘူး။
ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား မြောက်ဖက်နာ
း ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်
ဘက်စွန်းပေါ့။ အဲဒီက လူတွေကို အာရီယန်လို့ ခေါ်တာ။
သူတို့တွေ ဆင်းဆင်းလာကြတာ တောင်တန်းက တစ်နှစ်လုံး
ရေခဲ၊ စားစရာက မရှိ၊ အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင်က
ဆင်း၊ အနောက် ဆင်းတဲ့ ကောင်က ဆင်း၊ အရှေ့ဘက်နှင့်ေ
တာင်ဘက်ဆင်းတဲ့ ကောင်က များတယ်။
အုပ်လိုက်အုပ်လိုက် ကျွဲအုပ်တွေ၊ နွားအုပ်တွေ၊ သိုးအုပ်ေ
တွ၊ ဆိတ်အုပ်တွေနဲ့ ဆင်းသွားကြတာ။ အဲလို ကျွဲ၊ န
ွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့ ဒီလူအုပ်တွေကို ကာရေဗီယန်
ခေါ်တာ။
ကာရေဗီယန်ဆိုတာ မော်တော်ကား နာမည် ပြောတာမဟုတ်
ဘူး။ အဲဒီ အုပ်လိုက်ကြီး ဆင်းလာပြီးတော့ မြေထဲပင်လယ်
ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့ အရပ်တွေမှာ အခြေ
ချနေခဲ့ကြတယ်။ ဒီကနေ့ မင်းတို့သိတဲ့ အီရန်၊ အီရတ်ဆိုတဲ့ တို
င်းပြည်တွေကို အဲဒီလူတွေ ထူထောင်ခဲ့ကြတာ။
အဲဒီဆိတ်အုပ်တွေ သိုးအုပ်တွေနဲ့ အရှေ့ကို ဆက်လက် ချီတက်တေ
ာ့ အာဖဂန်နစ္စတန်ဖြတ်ပြီး ပါကစ္စတန်ဖြတ်ပြီး အေ
ရှ့ဘက် ချီတက်ကြတယ်။
အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေ ပေါ်တာ
သိပ်မကြာသေးဘူး။ နှစ်တစ်ထောင်ကို မရှိသေးဘူး။
အဲဒီတော့ တိုတိုပြောစို့... မြစ်ငါးစင်းရှိတဲ့ အရပ်ကို ရေ
ာက်တာ အနောက်ဘက်ကနေ သူတို့ ဖြတ်လာခဲ့သမျှ လမ်းတစ်လျှေ
ာက်လုံးဟာ သဲတွေချည်းပဲဆိုတော့ မြစ်ငါးဆင်းရှိတဲ့ အရပ်
လည်း ရောက်ရော ဧရာဝတီလို ဖြစ်နေတာ၊ နယ်မြေတစ်ခု
လုံးက စိမ်းစိုညိုနေတဲ့အရပ်ဆိုတော့ လူတို့ Settle အခြေချနေ
ကြတာ။
``ဒီလောက် စိမ်းစိုလှပစရာဖြစ်တဲ့ ဒီမြေကြီးကို ဘယ်သူမျာ
း ဖန်ဆင်းခဲ့သလဲလို့´´တွေးပြီး ဖန်ဆင်းရှင်ရှာတော့ြ
ဗဟ္မာ သွားတွေ့ရော။ တကယ်တော့ ဗြဟ္မာကို ဘယ်သူမှ
မြင်တာ မဟုတ်ဘူး။ စိတ်ကူးနဲ့ သူတို့ ဖော်ထုတ်တာဆိုတော့--
Brama created this word ဖြစ်တော့တာ။
ဟော... တော်တော်ကြာကျတော့ ဟာ ဒီလောက် သန်းပေါင်
းများစွာ ကြာနေတဲ့ ဒီကမ္ဘာ Who
preserved?,who maintained? ဘယ်သူ ထိန်းထားလဲဆြို
ပီး maintainer (ထိန်းသိမ်းစောင့်ရှောက်သူ)ကို သူတို့ ရှာ
ကြပြန်တယ်။ ဒီတော့ သွားတွေ့တယ်။
Vishnu is the maintainer.
နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော။ ေ
ရလျှံလို့ သေကြပြန်ရော။ တောမီးတွေ လောင်လို့ သြေ
ကပြန်ရော။
ဟာ... Who destory this world?
destroyer (အဖျက်သမား)ဘယ်သူလဲ။ Shiva- ရှီဝ ပေါ့။
Shiva destroy this world.
အဲဒီ Brama ရယ်၊ Vishnu ရယ်။ Shiva ရယ်ကို ရတနာသုံပ
ါးတဲ့။
သူတို့တွေ သတ်မှတ်လိုက်ကြတာ။
မင်းတို့ငါတို့မှာလည်း ရတနာသုံးပါးရှိတယ်ဆိုတော့
Similar ဖြစ်နေတယ်။
အဲလောက်လှတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့ Brama (ဗြဟ္မာ)
ရယ်... စောင့်ရှောက်တဲ့ Vishnu (ဗိဿနိုး)ရယ်....ဖျက်ဆီးတဲ့
Shiva (ရှီဝ)ရယ်... ဒီဘုရားကြီး သုံးဆူကို ပူဇော်ဖို့ ပူဇေ
ာ်တဲ့ နည်းစနစ်တွေကို ရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေ
ဟာ `ယဇုဗေဒ´ဆိုပြီး ဖြစ်လာတယ်။ ပူဇော်တဲ့နေရာမှာ
ဂါထာမန္တရားတွေ ရွတ်နည်းဖတ်နည်းတွေကို ရေးသား
တဲ့ကျမ်းက `သောမဗေဒ´ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာ
တယ်။ ဒီတော့ ဗေဒသုံးခုလို့ လာတယ်။ ဒို့ ပိဋိကတ်သုံးပုံနဲ့
လာဆင်တူနေပြန်တယ်။
အဲဒီတော့.. . သူရဿတီဆိုတဲ့မြစ်က တောင်ကြိုချောက်ကြား ကျေ
ာက်ဆောင်ကျောက်စွယ်တွေကိုဖြတ်
ပြီး ရေစီးတော့ နိမ့်တ
စ်လှည့် မြင့်တစ်လှည့်နဲ့ ရေစီးတယ်။ လေ လေးလည်းအတိုက်မှာ
အဲဒီ ရေစီးက ထွက်လာတဲ့ အသံဟာ ဂီတသံနဲ့ တူတယ်။ ဂီတာသံေ
လးလိုလို သီးချင်း ဆိုနေတဲ့ အသံလေးလိုလိုပေါ့။ ဒီတော့ အသံရှိ
တဲ့ ဒီမြစ်ကို `သရဝတီ´ ကနေ အသံပြောင်းတော့ `သူရဿတီ´ြ
ဖစ်သွားတော့တာပဲ။
မန္တာန်တွေ ဂါထာတွေ ရေးသားသီကုံးပြီးတော့ စာအု
ပ်ကလေးပြုစုတော့ အဲဒီစာအုပ်က သာမဗေဒ ဖြစ်လာတယ်။
ဒီတော့.. . အဲဒီမြစ်ငါးစင်းရှိတဲ့ လူတွေကို ဗမာခေါ် ခေ
ါ်ရင် `ပန်ချာပီ´ ဖြစ်လာတာပေါ့။
ဒီအသံကောင်းတဲ့ ဒီမြစ်ကို စောင့်ရှောက်တာ နတ်သားလား
၊ နတ်သမီးလား.... ဟုတ်ပြီ နတ်သမီးဖြစ်ရမယ်။ မြစ်ကေ
လးကလည်းလှ၊ အသံလေးကလည်း သာတယ်ပေါ့။ အဲဒီနဲ့ နတ်သ
မီးပုံလေးကို စိတ်ကူးနဲ့ ရေးကာ မြစ်ထဲဆိုတော့ ဘဲလေးတေ
ွ သွားနေတာကို ဘဲလေးပေါ်မှာ နတ်သမီးလေး တင်ပြီး
စိတ်ကူးနဲ့ ရေးလိုက်ကြရော ဆိုတော့.... `သူရဿတီ´နတ်သမီးဆို
ပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာ မွေ
းတာ။ ဟိန္ဒူကုလားတွေ စိတ်ကူးနဲ့ မွေးထုတ်တာနော်။
တကယ် မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။
သူရဿတီ ဘယ်သူမြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး စိတ်ကူးတာ
။ ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူးသ
လဲ။ ဘယ်သူမှ မမြင်ဖူးဘူး။ Nobody see but they
are imagine. ဗိဿနိုး စောင့်ရှောက်တယ်တဲ့။
ဘယ်သူတွေများ ဗိဿနိုးနဲ့ ဗြဟ္မာကို တွေ့ဖူးလိုက်သလဲ။ မ
တွေ့ဖူးကြဘူး။ အဲဒီလို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေ
းမျိုးကို Imaginary religion လို့ ခေါ်တာ။
မင်းတို့ စိတ်ကူးယဉ်ဝါဒမျိုးကို ကြိုက်သလား။ လက်တွေ့ဝ
ါဒမျိုးကို ကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်း
ထုတ်နိုင်မှာပေါ့ ဟုတ်လား။ အဲဒါကြောင့် လက်တွေ့ကျကျ မျ
က်တွေ့ကျကျ လူနဲ့ထိတွေ့ပြီးတော့ စနစ်ကျတဲ့ ဘာသာတရ
ားကို ယုံကြည်လက်ခံခွင့်ရတဲ့ ဒီဘဝဟာ ဘဝကောင်းတစ်ခုပဲလို
့ အားလုံး နားလည်ကြစေချင်ပါတယ်။
အင်း... ဟုတ်ပြီဆိုတော့ သူရဿတီ အကြောင်းဆက်ရအောင်။
သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီဆိုတဲ့ မြစ်ထဲ မွေးတဲ့
နတ်သမီး။ သူ ဗမာပြည် ရောက်လာတာ ဘယ်လမ်းကြောင်း
က ရောက်လာသလဲ။ အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနေ
ာ် Without visa နဲ့ ရောက်လာတာ။
ဗမာတွေရဲ့ နှလုံးသားထဲကို ဒီကောင်မလေး ဝင်အောင် ဘ
ယ်သူက စထည့်သွားမှန်း မသိပါဘူး။ ပိဋကတ်သုံးပုံစောင့်န
တ်သမီး ဆိုပြီးတော့ လုပ်လိုက်ကြတာဟာ ဘုရားစင်ပေါ် သူ
တက်ထိုင်တယ်။ ဒါတင်မကဘူး၊ တင်ပလ္လင်ချိတ်ပြီး ဒူးကြီးေ
ဖ်ာထိုင်နေတဲ့ လူကြီးလည်း ဘုရားစင်ပေါ် ရောက်လာတယ်။
ဟာ... ဘုရားရဲ့ ဘေးမှာ ရောက်ရောက်လာ တက်တက်လာြ
ကတာ။ ဟာ... ဒီဘက်က သူရဿတီဆိုတဲ့ ကောင်မလေးတက် လာပြီ။
ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က
ကွမ်ရင်လည်း ရောက်လာပေါ့။ (ဗမာလည်း တရုတ်နဲ့ ပေ
ါင်းစပ်ကာ တော်တော် ကြာသွားပြီလေ) နောက်လည်း
ဆက်ပေါင်းကြဦးမှာပဲ ဆိုတော့ ကွမ်ရင်ကိုလည်း နေရာေ
ပးရမယ်။ သူလည်း ဘုရားစင်ပေါ် တက်။ ကြည့်လိုက်တော့.. .
မြတ်စွာဘုရား ပြောသာ မပြောတာ၊ သူကြည့်နေတာ
`တက်လာကုန်ပြီ ငါ့ဘေးနားမှာ ဟိုကောင် ဒီကောင်တွေ
တက်လာကြတာ တော်တော်များနေပြီ။ ငါ ဘယ်နေ့ ဆင်း
ပေးရမလဲ´လို့ တော်တော်စိုးရိမ်နေပြီ။
ပြောချင်တာက သတိထားကြဖို့။ တကယ့် ဗုဒ္ဓဘာသာ အနှစ်
သာရ မပျောက်ဖို့ရန်အတွက် အဲဒီစိတ်ကူးယဉ်ဘာသာရေးတေ
ွ မလွှမ်းမိုးဖို့ရန် အရေးကြီးတယ်။
Realistic Teaching နဲ့ Imaginary Teaching ကို ဂဃ
နဏ သဘောပေါက် နားလည်ကြပါ။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

No comments:

Post a Comment