Wednesday, October 15, 2014

ရေရာတိကျတဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တစ်ချို့

ရေရာတိကျတဲ့ မြတ်ဗုဒ္ဓ၏ ဂုဏ်တစ်ချို့
******************************
***************
သုဒ္ဓေါဓနမင်းကြီးနှင့် မယ်တော် မဟာမာယာဒေဝီတို့၏ သာ
းတော်ဖြစ်၏။ အကျင့်သီလ မဖောက်မပြားသော မိကောင်းဖခ
င်၏ သားဖြစ်၏။ အဉ္ဇနမင်းကြီး၏ သက္ကရာဇ် ၆၈ခု ကဆုန်လြ
ပည့် သောကြာနေ့တွင် ဖွားမြင်တော်မူခဲ့သည့် ရက်ချုပ်အပြ
ည့်အစုံ ရှိ၏။ ၁၆နှစ်သားအရွယ်တွင် အိမ်ထောင်ပြု၍ သားတေ
ာ်တစ်ပါး ထွန်းကား၏။ ၂၉ နှစ်တွင် တောထွက်မူ၍ ၆-နှစ်
မျှ ဒုက္ကရစရိယကို ကျင့်တော်မူခဲ့၏။ ၃၅နှစ်အရွယ်တွင် မြတ်စွာ
ဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည်။ ၄၅နှစ်ပတ်လုံး တရား
ဓမ္မများ ဟောတော်မူ၍ သဘာဝဓမ္မအရ သက်တော် ၈၀ပြည့်ေ
သာအခါ မြတ်စွာဘုရားရှင်တို့၏ဣနြေ္ဒြ
ဖင့် တည်ကြည်ငြိ
မ်သက် ပျာယာမခတ်ဘဲ ငြိမ်းချမ်းစွာ အင်ကြင်းဥယျာဉ်၌ ပရိ
နိဗ္ဗာန်စံတော်မူ ၏။ သက်တော်၈၀ပြည့်၍ ခန္ဓာချုပ်ငြိမ်းတေ
ာ်မူသည့်အခါ မည်သို့မျှ ညည်းညူတော်မမူဘဲ ကောင်းသော ပရိနိဗ
္ဗာန်စံခြင်းဖြင့် စံတော်မူသည်။ မြင့်မြတ်ယဉ်ကျေးသော တရ
ားကိုဟော၍ ဖြောင့်တန်းသော လွတ်ရာလမ်းကို ပြတော်မူခဲ့
၏။
၁။ သနားကြင်နာတတ်၏။ (မဟာကရုဏာတော်) ကြီးမား၏။
၂။ ပါဏာတိပါတ(သူတစ်ပါးအသတ်ကို) ကိုယ်တိုင်လည်း သတ်တော်မမူ
၊ တပည့်များကိုလည်း မသတ်ဖို့ ဆုံးမတော်မူ၏။
၃။ သူတစ်ပါးဥစ္စာခိုးယူခြင်းကို မိမိကိုယ်တိုင်လည်းမခိုးယူ၊ တ
ပည့်များကိုလည်း မခိုးယူဖို့ ဆုံးမတော်မူ၏။
၎။ သူတစ်ပါးအိမ်ယာကို မိမိကိုယ်တိုင်လည်း မကျူးလွန် တပည့်များ
ကိုလည်း မကျူးလွန်ဖို့ ဆုံးမတော်မူ၏။
၅။ လိမ်လည်ပြောဆိုမှုကို မိမိကိုယ်တိုင်လည်း မပြောဆို၊ တပည့်မျ
ားကိုလည်း မပြောဆိုဖို့ ဆုံးမတော်မူ၏။
၆။ သေရည်သေရက်ကို မိမိကိုယ်တိုင်လည်း မသောက်သုံး တပည့်များကို
လည်း မသောက်ဖို့ဆုံးမတော်မူ၏။ ဤသည္ကား ဗုုဒၶဘာသာ၏ ေ
အာက်ဆုံးအဆင့် အကျင့်ဖြစ်၏။ ဗုဒ္ဓဘာသာ၌ ငါးပါးသီလတည်ေ
သာသူသည် မြင့်မြတ်သော ဗုဒ္ဓအရှင်၏ တရားတော်တည်းဟူသော
နန်းတော်မုခ်ဝသို့ ရောက်သူ(သို့) အတွင်းဘက်သို့ ဝင်သွားခဲ့
သော် ထိုငါးပါးသီလထက် မြင့်မြတ်သော သီလတရား၊သမာဓိတ
ရား၊ ပညာတရား၊ စသည်တို့ကို တွေ့မြင်ကြရမည်သာ။
၁။ ဆင်းရဲခြင်းတရား(ဒုက္ခသစ္စာ)တရားရှိ၏။ ၂။ ထိုဆင်း
ရဲခြင်း(ဒုက္ခသစ္စာ)၏ အကြောင်းတရားသည် သမုဒယသစ္စာ
ဖြစ်၏။ ၃။ ဒုက္ခမှလွတ်မြောက်ခြင်းတရားသည် နိဗ္ဗာန်(
နိရောဓသစ္စာ)ဖြစ်၏။ ၄။ ထိုဒုက္ခမှလွတ်မြောက်ရာသို့ သ
ွားရာလမ်းသည် (မဂ္ဂသစ္စာ) ဖြစ်၏။ ဤလေးပါးကား ဗု
ဒ္ဓဝါဒ၏ အုတ်မြစ်တည်း။ ဤ၌ (၁)နှင့်(၃)သည် အကျိုးတရားဖြ
စ်၏။ (၂)နှင့်(၄)သည် အကြောင်းတရားဖြစ်၏။ ဗုဒ္ဓတရားသ
ည် အကြောင်း အကျိုး စပ်ဆက်၏။ဥပမာ သားဖြစ်သူက သူ့အသတ်
ကို သတ်ခြင်းဟူသော အကြောင်းကို ပြုလုပ်၏။ ကြိုးဒဏ်တည်းဟူ
သော အကျိုးတရားသည် ဖခင်အပေါ်သို့ မကျရောက်နိုင်၊ ဖခင်ြ
ဖစ်သူကလည်း အပြစ်ကိုသားကိုယ်စား ဝင်၍ခံလို့မရ။ အကြောင်
းပြုလုပ်သူသည် အကျိုးကို ခံစားရပေမည် စသော
ကိုယ်တိုင် ကျင့်ကြံစမ်းသပ်ပြီးသော တရားကိုသာ ဟောသဖြင့် ထို
အတိုင်း ကျင့်သူများ မဂ်ဖိုလ်နိဗ္ဗာန်ရကြသည်မှာ မရေမတွက်နိုင်
အောင် များလှပေပြီ။ နောင်အခါ၌လည်း ထိုအတိုင်းကျင့်ကြံသူအ
ပေါင်း တို့သည် အတိုင်းမသိ နိဗ္ဗာန်သို့ ရောက်လိမ့်ဦးမည်။
သူတစ်ပါးကို ကျိန်ဆဲလေ့မရှိ။ ဣဿာဟုဆိုသော ဝန်တိုမှုကင်း၏။ သာ
းဦးကို ယဇ်ပူဇော်ရမည်ဟု ဘယ်အခါကမှ အမိန့်မရှိ၊ ဗလိဒါန ယ
ဇ်ပူဇော်ခြင်းကို စက်ဆုပ်တော်မူ၏။ ဆိုးသွမ်းသော သူတို့ကိုေ
ကာင်းအောင်ပြုပြင်ပြီးလျှင် ကရုဏာပွား၍ သနားတော်မူ
၏။ အမျက်ဒေါသကင်းတော်မူ၏။ သူ့အသတ်သတ်ခြင်းကို မဆိုထား
ဘိ၊ မိမိကိုယ်ကို ဥပမာပြု၍ မရိုက်မနှက်ရဟူ၍ပင် ဟောခဲ့၏။ မိမိ၏
ပယောဂပါစေ၍ သတ္တဝါကို နာကျင်အောင် ပြုတော်မမူ။ မိမိကို
ယ်တိုင်ဖြစ်စေ၊ ပယောဂပါ၍ဖြစ်စေ ပါဏာတိပါတအမှုကိုဘ
ယ်အခါမှ ပြုတော်မမူပါ။ မည်သည့်သတ္တဝါကိုမျှ ထိမ်ဝှက်၍ တရား
ဟောတော်မမူခဲ့။ မိမိ၏တရားတော်ကို ရှင်းရှင်းနားလည်ကြေ
စရန် အတိအလင်း ဟောပြတော်မူခဲ့၏။ သူတစ်ပါးနာကျင်စြေေ
ကာင်းဖြစ်သော ဓားလှံ စသည်တို့ကို အသုံးမပြုရဟု တားမြစ်
တော်မူ၏။ ငရဲဖြင့်ခြောက်၊ နိဗ္ဗာန်ဖြင့်မြှောက်၍ သာသန
ာပြုတော်မမူခဲ့။ အကြောင်းအကျိုး စပ်ဆက်သည့်တရားများ ဟေ
ာတော်မူ၍သာ အလင်းပြသာသနာပြုတော်မူခဲ့ပါသည်။
မှတ်ချက်။ ။ အရှင်ဥက္ကဋ္ဌ(ရွှေချိန်ခွင်)မှ စာသားများကိုဖြည့်စ
ွက် ရေးသားခြင်းသာ။
အရှင်ဝိမလဝံသ(နာလန္ဒာတ္ကသိုလ်)

No comments:

Post a Comment