(က) အနာမန္တစာရ-
ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ၊
ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ၊
အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊ဘ၀တိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ
သူတပါးတို့ တားဆီးခြင်းမပြုနိုင်။
လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊လိုရာသွားနိုင်သည်။
(ခ) အသမာဒါနစာရ
-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော
သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာအရပ်၌ထားကာ သွားသော်လည်းအာပတ်မသင့်ခြင်း
အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊ဘ၀တိုင်းတို့၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊
အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ
တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး
လွယ်လွယ်ကူကူနှင့်ပြီးမြောက်ြ ခင်းအကျိုးကိုရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊
ပေါ့လှလေတော့သည်။
(ဂ) ဂဏဘောဇန-
၎-ပါး ၄-ပါးထက်ပိုလွန်သော ရဟန်းတော်တို့ကို “ထမင်းစား လာခဲ့ပါ၊
ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ” စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို
ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊
စားချင် စားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို
စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊
ဝမ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော
ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ
ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။
(ဃ) ယာဝဒတ္တစီဝရ-
များစွာသော သင်္ကန်းတို့ကို
အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့မှစ၍တပေါင်းလ
ပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း
အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း၊ ဘ၀တိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည်
များစွာသော ရတနာတို့ကို သိမ်းဆည်း
ထားပါသော်လည်း ရန်သူမျိုး(၅)ပါး
ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ
သိမ်းဆည်းထားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊
ဘေးကား မရှိပြီ။
(င) ယောစတတ္ထ စီဝရုပ္ပါဒ-
ကထိန်ခင်းပြီးသည်မှ
နောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသော ကျောင်းတိုက်က သံဃာတော်များ
လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက်
သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ
ကထိန်ခင်းထားသော ကျောင်းတိုက်က
သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း
အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊
သူ့အားသာ ဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုကဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှအနိုင်အထက်ပြု၍ မယူနိုင်။
ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊
ယူသွားကင်းပသည်။
--
ပင့်ဖိတ်ထားသော ဆွမ်းရှိပါလျက် ၊
ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ၊
အရပ်တပါးသို့ သွားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊ဘ၀တိုင်း၌ အရပ်ဒေသ တပါးသို့ သွားလိုသောအခါ
သူတပါးတို့ တားဆီးခြင်းမပြုနိုင်။
လွတ်လပ်စွာ သွားနိုင်ခြင်းအကျိုးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ တားဆီးကင်းကွာ၊ လွတ်လပ်စွာ၊လိုရာသွားနိုင်သည်။
(ခ) အသမာဒါနစာရ
-တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော
သင်္ကန်းသုံးထည်တို့တွင် တထည်ထည်ကို ထားလိုရာအရပ်၌ထားကာ သွားသော်လည်းအာပတ်မသင့်ခြင်း
အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ၊ဘ၀တိုင်းတို့၌ အရပ်တပါးသို့ သွားလာခြင်းကိစ္စ၊
အလုပ်အကိုင်ကိစ္စတို့ကို ပြုလုပ်သောအခါ
တာဝန်ကိစ္စများ မလေးပါဘဲ ပေါ့ပေါ့ပါးပါး
လွယ်လွယ်ကူကူနှင့်ပြီးမြောက်ြ
ဆောင်ပုဒ်။ ။ တာဝန်ကိစ္စ၊ မလေးရ၊
ပေါ့လှလေတော့သည်။
(ဂ) ဂဏဘောဇန-
၎-ပါး ၄-ပါးထက်ပိုလွန်သော ရဟန်းတော်တို့ကို “ထမင်းစား လာခဲ့ပါ၊
ဟင်းစား လာခဲ့ပါ၊ မုန့်စား လာခဲ့ပါ” စသည်ဖြင့် မအပ်သော ဖိတ်ခြင်းဖြင့် ဖိတ်အပ်သော ဆွမ်းဘောဇဉ်များကို စားလိုက လိုက်၍ စားသော်လည်း အာပတ်မသင့်ခြင်းအကျိုးကို
ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊
စားချင် စားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ စားလိုရာ အာဟာရအမျိုးမျိုးတို့ကို
စားချင်တိုင်း စားပါသော်လည်း ဗိုက်နာခြင်း၊
ဝမ်းလျှောခြင်း၊ အဆိပ်ဖြစ်ခြင်း စသော
ဘေးဖြစ်ခြင်းမည်သည် မရှိ၊ စားသမျှ
ကြေညက်ခြင်းအကျိုးကို ရရှိကြလေသည်။
ဆောင်ပုဒ်။ ။ စားလိုရာများ၊ စားသော်ငြား၊ ဘေးကားမဖြစ်ပြီ။
(ဃ) ယာဝဒတ္တစီဝရ-
များစွာသော သင်္ကန်းတို့ကို
အဓိဋ္ဌာန်မတင်၊ ၀ိကပ္ပနာမပြုပါဘဲ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့မှစ၍တပေါင်းလ
ပြည့်နေ့တိုင်အောင် ငါးလအထိ သိမ်းဆည်းထားပါသော်လည်း
အာပတ်မသင့်ခြင်း အကျိုးကို ရဟန်းတော်များ ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထားနိုင်သည်။
ကထိန်သင်္ကန်း လှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း၊ ဘ၀တိုင်း၌ စိန်၊ ရွှေ၊ ငွေ၊ ပတ္တမြား စသည်
များစွာသော ရတနာတို့ကို သိမ်းဆည်း
ထားပါသော်လည်း ရန်သူမျိုး(၅)ပါး
ဘေးရန်များ မရှိပါဘဲ ကောင်းမွန်စွာ
သိမ်းဆည်းထားနိုင်ခြင်းအကျိုးကိ
ဆောင်ပုဒ်။ ။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊
ဘေးကား မရှိပြီ။
(င) ယောစတတ္ထ စီဝရုပ္ပါဒ-
ကထိန်ခင်းပြီးသည်မှ
နောက်၌ ကထိန်ခင်းသော ကျောင်းတိုက်သို့ တပါးသော ကျောင်းတိုက်က သံဃာတော်များ
လာရောက်နေထိုင်ကြရာတွင် သံဃာအားလုံးအတွက်
သင်္ကန်းလှူဒါန်း ပါသော်လည်း မူလ
ကထိန်ခင်းထားသော ကျောင်းတိုက်က
သံဃာတော်များကသာ ပိုင်ဆိုင်ရရှိခြင်း
အကျိုးကိုလည်း ရရှိပေသည်။
ဆောင်ပုဒ်။ ။ သံဃာလှူငြား၊ သင်္ကန်းများ၊
သူ့အားသာ ဖြစ်သည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော ဒကာ ၊
ဒကာမတို့သည်လည်း ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်း၌ ကိုယ့်ပစ္စည်းများကို ကိုယ်မပေးလိုကဘယ်လို တန်ခိုးအာဏာ ကြီးမားသူကမှအနိုင်အထက်ပြု၍ မယူနိုင်။
ကိုယ်ကပေးမှသာ ယူလို့ရခြင်းအကျိးကို ရရှိကြပေသည်။
ဆောင်ပုဒ်။ ။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊
ယူသွားကင်းပသည်။
--
No comments:
Post a Comment