Sunday, October 5, 2014

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)

လှချင်တဲ့ သမီးကလေးများသို့( လူထုဒေါ်အမာ)
==============================
======
လှချင်တဲ့ သမီးကလေးများသို့
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီ
ဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်
ကြည့်မိတယ်။
ကြည်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီ
လို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်
းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး
၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရာပေါ်မှာလည်းပါ
ရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွား
ကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျို
းစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ က
ပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြေ
နကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆို
ရုံ၊ အထက်ကလည်း
ရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာ
လောက်ကာပြီးတော့လှုပ်ရှားကပြရတာကလည်း ပြောဝံ့
စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ
မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရ
ပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပ
ါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာ
တဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ေ
ဆွက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီ
မရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝ
တ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်က
ွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်
ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေး
မမျိုး
တစ်ယောက်တလေတောင်ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းက
လေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထ
ားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အေ
မက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့
ခါးပေါ်မှာ ထဘီလေးတော့
လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမ
ယ့် မိန်းကလေးတွေဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စ
ားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေ
းတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်မျ
ားကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်း
အမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အမျ
ားသားကိုး။
မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာက
လည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအ
ားမြှောက်ပြုနေတဲ့
ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ င
ယ်သတဲ့၊နမ်းဖန်များတော့ ပြယ်သတဲ့
အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူ
ဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊
ဖုံးတာက ယဉ်ကျေးတာလားလို့။
အဲဒီတော့ တချို့က အမေရယ် လူဆိုတာ ဒီလိုပါပဲ ကောင်းနိုးရ
ာရာကို လုပ်ကြတာပါ။ လူငယ်တွေရဲ့ အတွေးအခေါ်တေ
ွကို
လစ်လျူရှုလိုက်ပါတော့လို့။ ဒါလည်း သူတို့အနေနဲ့ ဆိုရင် ဟု
တ်တာပေါ့လေ။ သူတို့နဲ့ အမေနဲ့က ခေတ်ချင်းကွာဟမှု
က ရှိနေတာကိုး။
အနို့ပေမယ့် ကနေ့ အနောက်ကလာတဲ့ ရုပ်ရှင်တွေကို ကြည့်တဲ့
အခါ အမျိုးသားတွေက အားလုံးလုံလုံခြုံခြုံ ဘောင်းဘီရှည်
နဲ့ ကုတ်အင်္ကျီဝတ်လို့ မိန်းကလေးတွေကတော့ နည်းပညာမျို
းစုံသုံး လှနိုးရာရာ အဆင်အပြင်အမျိုးမျိုး
စိတ်ကူးရသလောက် ထည့်ပြီး ရှိတာကို ဖော်နိုင်သမျှပေါ်အော
င် ဖော်လှစ်ပြသနေကြရတယ်။
အဲဒါဟာ ကျားမ တန်းတူရှိသေးရဲ့လား။ မိန်းမတွေရဲ့
ဘဝ ကျားတွေကို ဆွဲဆောင်နိုင်မှုအတွက် တစ်သက်လုံး ကြိုး
ပမ်း အားထုတ်နေရတာလား၊ လူ့ဘဝ လူ့တာဝန်တွေကို ထ
မ်းရွက်ဖို့ မကြိုးစားရတော့ဘူးလားလို့ အောက်မေ့မလ
ာရဘူးလားကွယ်။ မိန်းမတွေရဲ့ အဆုံးစွန်သော အား
ထုတ်လုပ်ဆောင်ရချက်က ယောကျားတွေအတွက် ဆိုတာပဲလား။
တခြား ဘာမှ
အဖိုးတန်တဲ့အလုပ် မလုပ်နိုင်တော့ဘူးလား၊ အမေရယ် ဒီလိုဆိုရ
င် တချို့နိုင်ငံတွေက အမျိုးသမီးတွေကို
တစ်ကိုယ်လုံးဘာမှ လူမမြင်ရအောင် အဝတ်ကြီး ခြေဆုံးခေ
ါင်းဖျား ဖုံးနေရတာမျိုးကိုကော အမေ ဘယ်လိုသဘောရပါ
သလဲလို့ မေးလာရင်….အဲဒါဟာ မိန်းမကို အိမ်မွေးတိရစာ
္ဆန်တစ်ကောင်လောက်တန်ဖိုးထားတဲ့သဘော၊ မိန်းမကို လူ့အ
ခွင့်အရေး တစ်မူးသားမှ
မပေးတဲ့လုပ်ရပ်မို့ အမေက သိပ်ရှုတ်ချတာပေါ့။ လင်ယော
ကျားတစ်ယောက်ကအပိုင်မွေးထားတဲ့ ထမင်းချက် ကလေးထိန်
းတဲ့ လင်ယောကျားအလို ဖြည့်ရတဲ့လူသာသာပဲ။ အဲဒီထက် ဘာမှ
မပိုပါဘူး။
အမေတို့က မိန်းမဆိုတာ လူ့ဂုဏ်သိက္ခာအပြည့်ရှိတဲ့ လူသား၊
လူ့လောကကို ယောင်္ကျားတွေနဲ့ တန်းတူရည်တူ တည်ဆောက်
နေရတဲ့ လူသား၊ လူ့လောက သာယာဝပြောရေးအတွက် အ
ားလုံးနဲ့အတူတူ တာဝန်ရှိတဲ့လူသား ဖြစ်စေချင်တာပါပဲ။
ဘယ်သူက ဘယ်သူ့ထက်မှလည်း မနိမ့်ကျစေချင်ဘူး။ တိရစ္ဆာန်ေ
လာကမှာတော့ နိုင်သူက အနိုင်ကျင့်တာလေ။
အားနည်းရင် အရှုံးပေးရတယ်။ အားကြီးရင် အနိုင်ကျင့်
တယ်။ တို့က တိရစ္ဆာန်ထက်အများကြီး အဆင့်အတန်းမြင့်တ
ာပဲဟာ။ အဲဒီတော့ တို့အားလုံးအတွက် လူဟာလူနဲ့တူအောင်
တန်အောင်ပဲ ဖြစ်ကြစေချင်တယ်။
ကနေ့ အမေတို့နိုင်ငံမှာ လုပ်စရာတွေ အများကြီးရှိနေ
ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသ
ဖြင့်လုပ်ရမှာတွေက တောင်လိုပုံပြီး စောင့်နေပါတယ်။
အဲဒီအလုပ်တွေကို လှပပေါ်လွင် ကြွမြောက်နေတဲ့ ခန္ဓာ
ကိုယ်ဖြစ်ဖို့ ကြိုးစားလုံးပန်းနေရတာနဲ့ အချိန်ကုန်
ငွေကုန်ခံနေကြရမှာလား၊ မိန်းကလေးတွေမှာ ဒီထက်ပို
ပြီး တန်ဖိုးရှိတဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ဖို့ အသ
င့်ပြင်ထားကြရဦးမှာပါ။ လှအောင်ပအောင်၊ ယောင်္ကျ
ားတွေ မြင်ရင် ကြိုက်ချင် ချစ်ချင်လာအောင် ရှိသမျှဖော်ထု
တ်မြှူဆွယ်တယ်ဆိုတာ အလွန်သေးသိမ်တဲ့ ယုတ်ညံ့တဲ့ စိတ်ထားပါ
။ တို့မိန်းမတွေမှာ အင်မတန် ကြီးလေးတဲ့တာဝန်တွေ ထ
မ်းရွက်ဖို့
အများကြီးရှိပါတယ်။
လှလှ မလှလှ ကျန်းမာဖို့ စိတ်ကောင်းစေတနာရှိဖို့
အသိအမြင် မြင့်မားဖို့ ငါတို့ကြိုးစားနေရမှာပါ။
ဒါကြောင့် သမီးတို့ လှချင်တာဟာ ကောင်းရဲ့လား။
ငါ့သမီးတို့ စဉ်းစားကြပါ။
(လူထုဒေါ်အမာ)
40 mins · Public
Like · 13 Comments · Share · Unlike Page ·
Report
675 people like this.

No comments:

Post a Comment