Sunday, October 5, 2014

သြ၀ါဒ

ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ ဘိဝံသ၏ သီလဂုဏ်၊ သ
မာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ရိုသေစွာဖြင့် ရိုးခိုးဦးခိုက်ပ
ါ၏ ဘုရား.. !_/\_!
ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ ဘိဝံသ
ရေးသားဆုံးမတော်မူသော “ သလ္လေခသုတ်က ညွန်းဆိုသော
အဓိဋ္ဌာန်ပြုရန် ၄၄ - ချက် ” မှ ပထမဆုံး ၂၂ - ချက်အားေ
လးစား အားကျရပါသော ဓမ္မမိတ်ဆွေများ၊ ပရဟိတ မိ
တ်ဆွေများနှင့် သူငယ်ချင်းမိတ်ဆွေတို့အား မျှဝေလိုက်ပါတ
ယ်ရှင်..။ မိမိကိုယ်တိုင်လည်းပဲ ဆရာတော်ကြီး၏ အဆုံးအမမျာ
းထဲကအတိုင်း လိုက်နာကျင့်သုံးသည်များရှိခဲ့
သလို မလိုက်နာသည်မျာ
းလည်းရှိခဲ့ပါသည်။ မည်သို့ပင်ဆိုစေ ဤဆုံးမစာကို ဖတ်ပြီး
သည့်နောက်ပိုင်း အတက်နိုင်ဆုံး မိမိကိုယ်မိမိ ပြု ပြင်နေထိုင်ခဲ့
ပါသည်။
သူငယ်ချင်း မိတ်ဆွေများကိုလည်း အကျိုးများစေရန်အတွက်
ဓမ္မဒါနအဖြစ် မျှဝေလိုက်ပါတယ်ရှင်..။
“ သလ္လေခသုတ်က ညွန်းဆိုသော
အဓိဋ္ဌာန်ပြုရန် ၄၄ - ချက် ” မှ ပထမဆုံး ၂၂ - ချက်အား စ
ာစီ၍ မျှဝေလိုက်ပါတယ်..။
(၁) ငါသည် ရက်စက်ကြမ်းကြုတ်သူ မဖြစ်စေရ။
သနားကြင်နာတက်သူ ဖြစ်ရမည်။
(၂) ငါသည် သူများအသက် သတ်ဖြတ်သူ မဖြစ်စေရ။
သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်သူဖြစ်ရမည်။
(၃) ငါသည် သူများဥစ္စာ ခိုးယူသူ မဖြစ်စေရ။
ခိုးယူခြင်းမှ ရှောင်ကြဉ်သူဖြစ်ရမည်။
(၄) ငါသည် မမြတ်သော အကျင့်ကိုကျင့်သူ မဖြစ်စေရ။
မြင့်မြတ်သောအကျင့်ကို ကျင့်သူသာ ဖြစ်စေရမည်။
(၅) ငါသည် လိမ်ပြောတက်သူ မဖြစ်စေရ။
အမှန်အတိုင်း ပြောတက်သူသာ ဖြစ်ရမည်။
(၆) ငါသည် ဂုံးတိုက်စကား ပြောတက်သူ မဖြစ်စေရ။
ဂုံးတိုက်စကားမှ ရှောင်ကြဉ်သူ ဖြစ်ရမည်။
(၇) ငါသည် ရိုင်းပျသောစကား ပြောတက်သူ မဖြစ်စေရ။
ယဉ်ကျေးစွာ ပြောတက်သူသာ ဖြစ်ရမည်။
(၈) ငါသည် အကျိုးမရှိသော စကားမျိုး ပြောတက်သူ မဖြစ်
စေရ။
အကျိုးရှိသောစကားကိုသာ ပြောဆိုမည်။
(၉) ငါသည် သူတပါးပစ္စည်းကို လိုချင်စိတ်ရှိသူ မဖြစ်စေရ။
သူတပါးပစ္စည်းမလိုချင်သူသာ ဖြစ်ရမည်။
(၁၀) ငါသည် သူတစ်ပါးပျက်စီးအောင်လုပ်ချင်သူ မဖြစ်စေ
ရ။
သူတပါးအပေါ် မေတ္တာထားသူသာ ဖြစ်စေရမည်။
(၁၁) ငါသည် မှားယွင်းသောအယူဝါဒရှိသူ မဖြစ်စေရ။
မှန်ကန်သော အယူဝါဒရှိသူသာ ဖြစ်စေရမည်။
(၁၂) ငါသည် မှားယွင်းသော စိတ်ကူးရှိသူ မဖြစ်စေရ။
မှန်ကန်သော စိတ်ကူးရှိသူသာ ဖြစ်စေရမည်။
(၁၃) ငါသည် စကားအရာ မှားယွင်းသူ မဖြစ်စေရ။
စကားအရာ မှန်ကန်သူသာ ဖြစ်စေရမည်။
(၁၄) ငါသည် ပြုလုပ်သည့်အရာ မှားယွင်းသူ မဖြစ်စေရ။
ပြုလုပ်သည့်အရာ မှန်ကန်သူသာ ဖြစ်စေရမည်။
(၁၅) ငါသည် အသက်မွေးဝမ်းကြောင်းအရာ မှားယွင်
းသူ မဖြစ်စေရ။
မှန်ကုန်သူသာ ဖြစ်စေရမည်။
(၁၆) ငါသည် မှားယွင်းသော အားထုတ်မှုရှိသူ မဖြစ်စေ
ရ။
မှန်ကုန်သော အားထုတ်မှုရှိသူသာ ဖြစ်စေရမည်။
(၁၇) ငါသည် အကုသိုလ်မှု၌ သတိရသူ မဖြစ်စေရ။
ကုသိုလ်မှု၌ သတိရသူသာ ဖြစ်စေရမည်။
(၁၈) ငါသည် အကုသိုလ်၌ စိတ်စိုက်သူ မဖြစ်စေရ။
ကုသိုလ်၌ စိတ်စိုက်သူသာ ဖြစ်စေရမည်။
(၁၉) ငါသည် ဉာဏ်နီ ဉာဏ်နက်များသူ မဖြစ်စေရ။
မှန်ကန်သော ဉာဏ်အမြင်ရှိသူသာ ဖြစ်စေရမည်။
(၂၀) ငါသည် အတုအယောင် လွတ်မြောက်သူ မဖြစ်စေရ။
အစစ်အမှန် လွတ်မြောက်သူသာ ဖြစ်စေရမည်။
(၂၁) ငါသည် ပျင်းရိထိုင်းမှိုင်းသူ မဖြစ်စေရ။
စိတ်တည်ငြိမ်သူသာ ဖြစ်စေရမည်။
(၂၂) ငါသည် စိတ်ပျံလွင့်နေသူ မဖြစ်စေရ။
စိတ်တည်ငြိမ်သူသာ ဖြစ်စေရမည်။
ဆက်လက်မျှဝေရန် ကျန်ရှိပါသေးသည်။

No comments:

Post a Comment