Sunday, October 5, 2014

"လေးစားဖွယ်ရာ ပုဂ္ဂိုလ်မဟာ"

"လေးစားဖွယ်ရာ ပုဂ္ဂိုလ်မဟာ"
======================
ဝူစလီကားနက်လေးမှ ယာဉ်မောင်းသည် လမ်းဆုံသို့ရောက်သော် ဘရိတ်ကို အသာမှေးပြီး အရှိန်ကိုလျှော့လိုက်သည်။ ထိုစဉ်မှာပင် လမ်းပြပုလိပ်သည် မောင်ဂိုမာရီ လမ်းမကြီးမှ ကားများကို လွှတ်ပေးနေစဉ် စတော့ကိတ်လမ်းဘက်မှ ၀ူစလီကားနက်လေးကို ဖြုန်းခနဲ မြင်လိုက်သည့်အခါ ပြာပြာသလဲဖြစ်သွားပြီး လမ်းမကြီးမှ ကားများကို ခရာတွတ်၍ ရပ်တန့်လိုက်သည်။ ပြီးမှ ကားနက်လေး ဆက်မောင်းနှင်ရန် လက်ပြပေးနေသည်။သို့သော် ကားနက်လေးမှာ စက်ရှိန်ပြန်အတင် လမ်းဆုံးအလယ်တွင် စက်ရှိန်သေကာ ရပ်သွားလေသည်။ ယာဉ်မောင်းသည် စက်ပြန်နှိုးသည့်အခါ တဖွတ်ဖွတ်သာ အသံထွက်လာပြီး စက်က နိုးမလာပေ။လမ်းပြ ပုလိပ်ကလည်း တစ်ဖက်ယာဉ်ကို တားပေးထားပြီး ကားနက်လေးအတွက်သာ လမ်းပေးလက်ပြနေဆဲ၊ သို့ပေသည့် ကားလေးခမျာ တုပ်တုပ်မျှ မလှုပ်တော့။ ထိုအခါ ကားနောက်ခန်းတွင် ထိုင်လိုက်လာသော ပုဂ္ဂိုလ်က စိတ်လောတကြီးဖြင့် -
"ဟေ့ကောင် မြန်မြန်လုပ်လေ၊ ဟိုမှာ လမ်းပြပုလိပ်မောင်းခိုင်းနေပြီ၊
တော်ကြာအဖမ်းခံနေရဦးမယ်"
ဤတွင် ယာဉ်မောင်း၏ဘေးတွင် ထိုင်လိုက်လာသောသူက နောက်သို့ လှည့်၍ -
"အော် ဆရာကလည်း၊ ဆရာကိုယ်တိုင်ပါနေတာပဲဟာ ...
"ဤတွင် နောက်မှ ပုဂ္ဂိုလ်က စိတ်မရှည်ဟန်ဖြင့် -"ဟေ့ကောင်၊ ငါပါတာပါတာပဲ၊ ဥပဒေက ဥပဒေပဲကွ" ဟုပြောလိုက်လေသည်။
ဟုတ်ပါသည်။ကားနောက်ခန်းမှ 'ဥပဒေက ဥပဒေပဲ' ဟု ပြောလိုက်သူက မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ၊ မြန်မာ့မျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်ပါသည်။
ဖေသောရီ
2 hrs · Public
Like · 70 Comments · Share ·

No comments:

Post a Comment